ဇူလိုင် ၁၆ ၊ ၂၀၁၅
M-Media
– ဇွန်လ ၁၈ ရက်နေ့က စတင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုဉ်လဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကုန်ဆုံးပါတော့မယ်။ ၀တ်ပြုဆုတောင်းတာ၊ ဥပုသ်သီလဆောက်တည်တာ၊ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ အစ်ဖ်သာရ်ဝါဖြေကြတာနဲ့ လူ့အဖွဲ့အစည်းအတွင်း ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ကြတာဟာ ရမ်ဇာန်ဥပုသ်လအတွင်း အမေရိကန် မွတ်စလင်တွေ လိုက်နာကျင့်သုံးခဲ့ကြတဲ့ အမှတ်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်နံတစ်လျားက အမေရိကန်မွတ်စလင်တွေ ရမ်ဇာန်လမြတ်ကို ဘယ်လို ဖြတ်သန်းကြတယ်ဆိုတာကို ဓာတ်ပုံနဲ့တကွ တင်ဆက်လိုက်ပါတယ်။
အမေရိကန်နိုင်ငံသား ၁၀၀ တိုင်းမှာ အကြမ်းဖျင်းအားဖြင့် မွတ်စလင်တစ်ယောက် ရှိနေပါတယ်။ သမ္မတကလည်း နှစ်စဉ်နှစ်တိုင်း အိမ်ဖြူတော်မှာ ၀ါဖြေပွဲလုပ်ပြီး အမေရိကန်မွတ်စလင်တွေကို ဂုဏ်ပြုလေ့ရှိပါတယ်။
ref: share.america.gov
Leave a Reply
You must be logged in to post a comment.