News @ M-Media

လုံခြုံရေးဥပဒေမူကြမ်းကို ဂျပန်အောက်လွှတ်တော် အတည်ပြု

ဇူလိုင် ၁၆၊ ၂၀၁၅
M-Media

japan

– ပြည်သူများစွာက ဆန့်ကျင်မှု ရှိနေသော်လည်း စစ်တပ်နှင့်ပတ်သက်၍ ကန့်သတ်ချုပ်ချယ်ထားမှုများအား ဖြေလျော့ပေးထားသော ကာကွယ်ရေးပေါ်လစီအတွက် ဥပဒေမူကြမ်းကို ဂျပန်အောက်လွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

ဂျပန်၏ မဟာမိတ်ဖြစ်သော အမေရိကန်က ကြိုဆိုသည့် အဆိုပါပေါ်လစီမှာ တရုတ်နိုင်ငံ၏ ကြီးထွားလာမှုကဲ့သို့ စိန်ခေါ်မှုအသစ်များအား ရင်ဆိုင်ရာတွင် အရေးပါသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

အတိုက်အခံများကမူ ထိုပြင်ဆင်မှုများက ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဦးဆောင်သည့် ပြဿနာများနှင့် ဂျပန်နိုင်ငံအား ရှုပ်ထွေးစေမည်ဖြစ်ပြီး အမေရိကန်က မူကြမ်းရေးစွဲထားသည့် စစ်ပြီးဖွဲ့စည်းပုံမှ စစ်ဆန့်ကျင်ရေး အပိုဒ် ၉ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းကို အထက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း မဲခွဲခြင်းမပြုပါက အောက်လွှတ်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကာ အာဘေး၏ မဟာမိတ်များက လွှတ်တော်၏ သုံးပုံနှစ်ပုံထောက်ခံမှုဖြင့် အဆိုပါ ဥပဒေအား အသက်သွင်းနိုင်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ်က အာဏာရလာခဲ့ပြီး နိုင်ငံ၏ကာကွယ်ရေးအား အထောက်အပံ့ပြုရန်နှင့် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန် ကတိပြုထားသည့် အာဘေးက အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်သူများက သံယသရှိနေသည့်အတွက်ကြောင့် ၎င်းအား ထောက်ခံသူများမှာ ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျသွားသည်ဟု ရှုမြင်နေသည်။

Ref: channelnewsasisa

Comments

Leave a Reply