ဇူလိုင် ၃၀၊ ၂၀၁၅
M-Media
– လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် မိမိအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း ချန်မွန်ဂျွန်းက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ဇွန်လက ငါးကြိမ်ဆက် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည့် ဥက္ကဌ ဘလတ္တာက ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြောကြားခဲ့ပြီးနောက် လာမည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဥက္ကဌသစ် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖီဖာက ရက်သတ်မှတ်ခဲ့သည်။
ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ၎င်းအနေဖြင့် ဖီဖာဥက္ကဌရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယမန်နေ့တွင် ကြေညာခဲ့ပြီး ၎င်းပင် အရွေးခံရမည်ဟု ရေပန်းစားနေသည်။
ဖီဖာ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၁ နှစ်အရွယ် ချန်မွန်ဂျွန်းကလည်း ၎င်းအနေဖြင့် ထိုရာထူးအတွက် ၀င်ရောက်အရွေးခံသွားမည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီး ပလာတီနီမှာ သင့်တော်သူမဟုတ်ဟု ဆိုသည်။
“အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မစ္စတာ ပလာတီနီအတွက် တော်တော်ခက်ခဲပါလိမ့်မယ်။ သူဟာ လက်ရှိဖီဖာတည်ဆောက်ပုံကို ထောက်ခံအားပေးသူပါ။ ပြီးတော့ သူဟာ လက်ရှိစနစ်ရဲ့ လက်ထွက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်အရွေးခံရရင် ကျွန်တော့်အလုပ်က ရုံးထိုင်ဇိမ်ခံနေဖို့ မဟုတ်ပါဘူး။ ဒီတည်ဆောက်ပုံကို ပြောင်းလဲဖို့ပါ” ဟု ဂျွန်းက
BBC သို့ပြောကြားခဲ့သည်။
ဂျွန်းမှာ နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.