သြဂုတ် ၁၇၊ ၂၀၁၅
M-Media
– မန်စီးတီးနှင့်ပွဲ ပထမ ၁၀ စက္ကန့်အပြီးမှာပင် မိမိတို့အသင်းမှာ ပြဿနာရှိနေသည်ကို သိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
အီတီဟတ်တွင် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲ၌ ချယ်ဆီးမှာ ကစားကွက်အသာမရခဲ့ပဲ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ဂိုးသမား လက်စွမ်းပြနိုင်ခြင်းကြောင့်သာ ဂိုးမပြတ်ခဲ့ရခြင်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်း မဟန်ကြောင်း ပွဲအစမှာပင် သိခဲ့သည်ဟု ဆိုသည်။
“ပွဲစပြီး ၁၀ စက္ကန့်နောက်ပိုင်းမှာ အဂူရို ခံစစ်လိုင်းကို ရောက်လာခဲ့ပြီး၊ (ဂိုးသမား) ဘီဂိုဗစ်က ရင်ဆိုင်ခဲ့ရတဲ့အခါ အစမကောင်းဘူဆိုတာ ချက်ချင်းပဲ ခင်ဗျားတို့ သိမှာပါ။ အဲဒီနောက်မှာ ခံစစ်ပျက်သွားတာကြောင့် သူ(ဘီဂိုဗစ်) ဟာ ၂ လုံး ၃ လုံးလောက် ကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ပထမဆုံး စိတ်ပျက်ခဲ့ရသူပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့ပြီး ပထမပိုင်းတွင် ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။
ဒုတိယပိုင်းတွင်မူ မော်ရင်ဟိုမှာ အဓိကခံစစ်မှူး ဂျွန်တယ်ရီကို ကာ့တ်ဇူးမားနှင့် လူစားလဲခဲ့ပြီး ဂျွန်တယ်ရီမှာ မော်ရင်ဟိုလက်ထက် ၁၇၇ ပွဲတွင် ပထမဆုံး လူစားလဲခံရခြင်းလည်း ဖြစ်သည်။
“တကယ်က ဂျွန်(တယ်ရီ) ကိုထုတ်ပြီး ဇူးမားကို ထည့်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဟာ အလျင်မြန်ဆုံး ကစားသမားကို အရန်ခုံမှမဟုတ်ဘဲ ကွင်းထဲမှာ ရှိချင်တာပါ။ ဇူးမား ကစားရမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်း သိပါတယ်။ တစ်ယောက်ကို ထုတ်ရမယ်ဆိုတော့ အသင်းခေါင်းဆောင်ကို ထုတ်လိုက်တာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ထိုကဲ့သို့ လူစားလဲခဲ့မှုကြောင့် အသက်အရွယ်ရလာပြီဖြစ်သည့် ဂျွန်တယ်ရီ၏ ချယ်ဆီး၌ ရေရှည်နေရာရရန်မှာ မသေချာတော့ဟု ပြောကြားမှုများလည်း ရှိနေသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.