သြဂုတ် ၂၉၊ ၂၀၁၅
M-Media
– ချယ်ဆီးနှင့် အိမ်ကွင်းပရီးမီးယားလိဂ် ပွဲ ၁၀၀ မြောက်တွင် ရှုံးနိမ့်မှသာ မိမိ အောင်ပွဲခံမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
ယခုနှစ်တစ်ပတ်တွက် ချယ်ဆီးမှာ ခရစ္စတယ်ပဲလေ့စ်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ထိုပွဲမှာ မော်ရင်ဟိုအတွက် အိမ်ကွင်းပွဲ ၁၀၀ ပြည့်မြောက်သည့်ပွဲလည်း ဖြစ်သည်။ ချယ်ဆီးမှာ အိမ်ကွင်းမှတ်တမ်းကောင်းရှိပြီး ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်းတစ်သင်းကိုသာ ရှုံးနိမ့်ထားသည်။
မော်ရင်ဟိုကမူ မိမိတို့အသင်း ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရရှိပါက အောင်ပွဲခံရန် အစီအစဉ်မရှိဘဲ ရှုံးနိမ့်မှသာလျှင် ရလဒ်အတွက် စိတ်မပျက်ကြောင်း အပြင်ထွက်၍ သက်သေပြမည်ဟု ပြောကြားခဲ့သည်။
“ဒင်နာအကြောင်းမေးရင် ကျွန်တောကတော့ ဆန့်ကျင်မှာပါ။ တကယ်လို့ ကျွန်တော်တို့ ရှုံးရင် အပြင်ထွက်စားမယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့နိုင်ရင် အပြင်ထွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်သွားလေ့ရှိတဲ့ စားသောက်ဆိုင် လေးငါးဆိုင်လောက်ရှိပါတယ်” ဟု သတင်းထောက်များအား မော်ရင်ဟိုက ပြောကြားခဲသည်။
ထို့ပြင် မိမိအနေဖြင့် မိသားစုကိစ္စများကို ကြိုက်နှစ်သက်ကြောင်း၊ ပွဲရှုံးသည့်အတွက် ပုန်းရှောင်နေစရာမလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရာသီအစ ရလဒ်မကောင်းမှုများနှင့်ပတ်သက်၍ မော်ရင်ဟို၏ ရာသီအကြို လေ့ကျင်မှု နောက်ကျခြင်းကို အပြစ်တင်ခဲ့ကြပြီး ၎င်းကမူ မိမိ၏ ဆုံးဖြတ်ချက်ကို ရာသီကုန်မှသာ ကြည့်ရှုရမည်ဟုဆိုသည်။
“ရာသီကုန်အကြောင်းပဲ ပြောရအောင်။ ကျွန်တော်တို့ ဘယ်လိုအဆုံးသတ်မလဲဆို၊ တစ်ခြားသူတွေက ဘယ်လိုဖြစ်မလဲဆိုတာ၊ ကျွန်တော်တို့ ဘယ်လို ကျော်ဖြတ်နိုင်လဲဆိုတာသာ ကြည့်ရအောင်။ တစ်ချိန်တည်းမှာ ပြိုင်ပွဲ ၃၊ ၄ ခုလောက်ပေါ့။ ကြည့်ကြည့်ပါ”
Ref: Goal
Leave a Reply
You must be logged in to post a comment.