စက်တင်ဘာ ၁၈၊ ၂၀၁၅
M-Media
– ယခုမှစ၍ နှစ်ကုန်အထိ တင်းနစ်ပြိုင်ပွဲများ၌ ကစားသည့်အခါ မိမိရိုက်သည့် စပေးဘော တစ်လုံးချင်းစီအတွက် စတာလင်ပေါင် ၅၀ နှုန်းဖြင့် ဒုက္ခသည်များကို လှူဒါန်းသွားမည်ဟု ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးက ပြောကြားလိုက်သည်။
ကမ္ဘာ့အဆင့် ၃ စကော့တစ်ရှ် တင်းနစ်သမား အန်ဒီမာရေးမှာ Davis Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗြိတိန်ကိုယ်စားပြု၍ သြစတေးလျနှင့် ယနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များ၏ ပုံရိပ်များကို သတင်း၌ မြင်ခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ စပေးဘောတစ်လုံး ပေါင် ၅၀ အစီအစဉ်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ချုပ် ATP၊ Lawn တင်းနစ်အသင်းနှင့် မာရေး၏ စပွန်ဆာတစ်ဦးတို့က ပူးပေါင်းပါဝင်မည်ဖြစ်သောကြောင့် မာရေး၏ စပေးဘောတစ်လုံးမှာ ပေါင် ၂၀၀ ရှိမည်ဖြစ်သည်။
“အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သန်းနဲ့ချီတဲ့ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တစ်ခုခုလုပ်ရမယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ကျွန်တော်ရိုက်တဲ့ စပေးဘော တစ်လုံးချင်းဆီမှာ နည်းနည်းပိုပြီး ကျေနပ်ရမှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။
မာရေး၏ နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲဖြစ်သော ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကီဗင်အန်ဒါဆန်နှင့်ပွဲတွင် ၎င်းမှာ စပေးဘော ၁၉ လုံး ရိုက်ခဲ့ရသည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.