ထူးခြားဆန်းပြားသော ကလေးများ မွေးဖွားခြင်း ဟု ဆိုလိုက်ပါက စာရှုသူအနေဖြင့် ၄င်း ကလေးငယ်များ သည် ရင်ချင်းဆက် အမွာများလော၊ သို့မဟုတ် ကိုယ်ခန္ဒာ အစိတ်ပိုင်းများတွင် ထူးခြားနေ ခြင်းလော ဟု တွေးထင်နေမိပါက Soper တို့၏ ရင်သွေးငယ်များ အတွက်တော့ မှားယွင်းနေပါမည်။ သုတို့ ရင်သွေးများ၏ ထူးခြားသော မွေးနှစ်များကဲ့သို့ မည်သူမျှ ရရှိနိုင်မည် မဟုတ်ပေ၊ မိခင်ဖြစ်သူ Barbara soper မှ အကြီးဆုံးသား Chloe ၈ ဂဏန်းဖြစ်သော ၀၈/၀၈/၀၈ ၊ သမီးအလတ် Cameronအား ၉ ဂဏန်းဖြစ်သည့် ၀၉/၀၉/၀၉ ၊ အငယ်ဆုံး သားငယ် Cearra အား ၁၀ ဂဏန်း ဖြစ်သော ၁၀/၁၀/၁၀ စသော နှစ်၊လ၊ရက်၊ တို့တွင် တိုက်တိုက်ဆိုင်ဆိုင် မွေး ဖွားနိုင်ခဲ့ပါသည်။ အငယ်ဆုံးသားငယ်ကို မွေးဖွားရက်ထက် တစ်လ ၊ သမီးအလတ်ကို နှစ်ပတ်စော ပြီး မွေးဖွားခဲ့သော်လည်း သူတို့၏ သားသမီများအား အချိန်ကိုက်မွေးဖွားခဲ့ခြင်း မဟုတ်ကြောင်း soper မိသားစုက ဆိုပါသည်။ အဆိုပါ ရက်၊လ ၊နှစ် ဂဏန်များကို ရာစု တစ်ခုတွင် ၁၂နှစ်တွင်သာ တွေ့ရှိနိုင်ကြောင်း ၊ soper တို့ မိသားစု ၏ ထုးဆန်းဖွယ်ဖြစ်ရပ်သည် အကြိမ်ပေါင်း ၂၅၀၀တွင် တစ်ကြိမ်သာ ဖြစ်တောင့်ဖြစ်ခဲကြောင်း သိရသည်။ သားသမီးများကို ၀၈/၀၈/၀၈ ၊ ၀၉/၀၉/၀၉ နှင့် ၁၀/၁၀/၁၀ တို့တွင်ဖွားမြင်ခဲ့သော်လည်း စတုတ္တမြောက်ရင်သွေးအား ၁၁/၁၁/၁၁ တွင် မွေးရန်အစီစဥိမရှိကြောင်း ခင်ပွန်းဖြစ်သူ Chad ပြောဆိုသွားပါသည်။ dailymail
Leave a Reply
You must be logged in to post a comment.