အောက်တိုဘာ ၂၊ ၂၀၁၅
M-Media
– မိမိမှာ မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်၊ အာဆင်နယ်မှ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးတို့နှင့် ပုံစံခြင်းမတူဘဲ မိမိ၏ကတိကို တည်သွားမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရာသီက မန်ယူသို့ ရောက်ရှိလာခဲ့သည့် ဗန်ဂါးလ်မှာ ၂၀၁၇ ခုနှစ် အသင်းနှင့် စာချုပ်ပြည့်လျှင် နည်းပြဘ၀မှ အနားယူသွားရန် အစီအစဉ်ရှိသည်ဟု ယခင်က ပြောကြာခဲ့ဖူးပြီး ထိုစကားအတိုင်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က ဖြစ်ချင်တာတွေကို သတ်မှတ်ထားပါတယ်။ ကလပ်အသင်းတွေ နိုင်ငံအသင်းတွေက ကျွန်တော့်ကိုလိုချင်တဲ့အတွက် ကျွန်တော် အရမ်း ကံကောင်းပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကတော့ အခြားပုံစံတစ်မျိုးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က အမြဲတမ်း များများလိုချင်တာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို အမြဲတမ်း ပိုပိုသာသာချထားပါတယ်။ အခုလည်း အဲဒီလိုမျိုးပါပဲ။ ကျွန်တော်နားမှာပါ။ ကျွန်တော်ပြောတာကိုပဲ အမြဲတမ်း လုပ်ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.