အောက်တိုဘာ ၂၊ ၂၀၁၅
M-Media
– နိုင်ဝင်ဘာ ၁၄ က်နေ့တွင် အိုးထရက်ဖို့ဒ်၌ ကစားမည့် ယူနီဆက်ဖ်၏ ရန်ပုံငွေဘောလုံးပွဲတွင် မန်ယူ ဆရာတပည့်နှစ်ဦးဖြစ်သော ဖာဂူဆန်နှင့် ဒေးဗစ်ဘက်ခမ်းတို့မှာ ပြန်လည်လက်တွဲရဖွယ် ရှိနေသည်။
ဖာဂူဆန်မှာ ဂရိဗြိတိန်နှင့် အိုင်ယာလန်မှ ကစားသမားများပါဝင်သော အသင်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး ထိုအသင်းတွက် ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ၎င်းတို့နှင့် ယှဉ်ပြိုင်မည့်အသင်းမှာ အန်ဆယ်လော့တီကိုင်တွယ်ပြီး ဇီဒိန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်း ဖြစ်သည်။
အဆိုပါပွဲအတွက် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ငွေများနှင့် အလှူငွေများကို ကမ္ဘာ့အချို့တဲ့ဆုံး ကလေးငယ်များအား ကူညီရန်အတွက် ယူနီဆက်ဖ်သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။
“ကလေးတွေဟာ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတွေမှုနဲ့ တားဆီးလို့ရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးထားပြီး ကြီးပြင်းနိုင်တဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော် လိုချင်ပါတယ်။ ဒီပွဲက အသိပညာပေးဖို့နဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့ ကလေးတွေကို ကူညီရေး ရန်ပုံငွေရဖို့အတွက် ကျွန်တော့်အတွက် အပြည့်စုံဆုံး အခွင့်အလမ်းပါပဲ” ဟု ဘက်ခမ်းက ထိုပွဲအတွက် ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.