News @ M-Media

စင်ကာပူ ကမ္ဘာ့ဖလားရေကူးပြိုင်ပွဲ မီးခိုးဖုံးမှုကြောင့် ဖျက်သိမ်း

အောက်တိုဘာ ၃၊ ၂၀၁၅
M-Media

swim

– စင်ကာပူတွင် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီတွင် ကျင်းပရန် စီစဉ်ထားသည့် FINA ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ ပထမနေ့ကို အင်ဒိုနီးရှား ဆီအုန်းတောများ မီးလောင်မှုမှ ဖြစ်ပေါ်လာသည့် မီးခိုးများ အလွန်အမင်း ဖုံးလွှမ်းမှုကြောင့် ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် အပူချိန်မှာ မြင့်တက်လာပြီး လေထုညစ်ငြမ်းမှုနှုန်းကလည်း မြင့်တက်လာခဲ့ကာ အမျိုးသား သဘာပတ်ဝန်းကျင်အေဂျင်စီမှ အကြံပေးမှုနှင့် လမ်းညွှန်ချက်များကြောင့် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး လက်မှတ်ဝယ်ယူထားသူများအတွက် ငွေပြန်အမ်းသွားမည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

သို့သော်လည်း တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားမှုများကို ပြောင်းလဲသွားမည်မဟုတ်ဟု FINA မှ အမှုဆောင်ဒါရိုက်တာ ကော်နဲလ် မာကျူလက်စ်ကျူက ထည့်သွင်းပြောကြားခဲ့သည်။

Ref: Channelnewsasia

Comments

Leave a Reply