News @ M-Media

မန်ယူမှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်မည်ဟု မာရှယ်ပြော

အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media

mu

– ယခုနှစ်အတွင်း မန်ယူအသင်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဗိုလ်စွဲနိုင်ရန်အတွက် မိမိအနေဖြင့် ကူညီနိုင်မည်ဟု ယုံကြည်ကြောင်း အသင်း၏ လူငယ်ကွင်းလယ်လူ အန်သိုနီ မာရှယ်က ပြောကြားလိုက်သည်။

မန်ယူမှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်စီးတီးအသင်းနှင့် ၂ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် အုပ်စု B ၂ ပွဲ ကစားပြီးချိန်တွင် ၃ မှတ်ရရှိထားကာ ကျန်အသင်းများနှင့် အမှတ်တူနေသည်။

“ကျွန်တော်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံး ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်ခုစလုံးပါ။ (ဥရောပ) ထိပ်တန်း ၅ သင်းမှာ ကျွန်တော်တို့လည်း ပါပါတယ်” ဟု မာရှယ်က ပြောကြားခဲ့သည်။

လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် မန်ယူက ခေါ်ယူခဲ့သည့် မာရှယ်မှာ ပွဲထွက်ကစားသည့်ပွဲမှာတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄ ဂိုး သွင်းပေးထားနိုင်သည်။

Ref: Goal

Comments

Leave a Reply