အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ကာယားပြည်နယ်ရှိ ရွာနှစ်ရွာတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများကို ယနေ့တွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု Xinhu သတင်းဌာနက ဖော်ပြခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့စဉ်အတွင်း ကယားပြည်နယ်အတွင်းရှိ တောင်တန်းများထူထပ်ရာ ရွာနှစ်ရွာတွင် နေအိမ်ပေါင်း အလုံး ၃၀ ခန့် နစ်မြုပ်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကိုမူ ဆက်လက်လုပ်ဆောင်နေပြီး ကျောင်းများနှင့် ဆေးရုံများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်ထားကာ ဘေးသင့်သည့် ပြည်သူများအတွက် နေရာချပေးထားသည်။
Ref: Times of India


Leave a Reply
You must be logged in to post a comment.