News @ M-Media

အသင်းအတွက် ဂုဏ်ယူနေတဲ့ အင်္ဂလန်နည်းပြ ဟဒ်ဆန်

အောက်တိုဘာ ၁၃၊ ၂၀၁၅
M-Media

eng

– ယူရိုခြေစစ်ပွဲတွင် ၁၀ ပွဲစလုံး အနိုင်ရရှိကာ ပြည့်ဝသည့် မှတ်တမ်းကောင်းကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူမိသည်ဟု အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်က ပြောကြားလိုက်သည်။

ယနေ့မနက်က ကစားခဲ့သည့် လစ်သူယေးနီးယားနှင့်ပွဲတွင် အင်္ဂလန်မှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ယူရိုခြေစစ်ပွဲ အုပ်စုများတွင် ရာနှုန်းပြည့် နိုင်ပွဲရသည့် တစ်သင်းတည်းသောအသင်းဖြစ်ကာ ယူရိုခြေစစ်ပွဲသမိုင်းတွင်လည်း ပွဲအားလုံးနိုင်သည့် ၆ သင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“ဒါဟာ အအောင်မြင်မှုတစ်ခုပါ။ ကျွန်တော်ဟာ ကစားသမားတွရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပါတယ်။ ၁၀ ပွဲမှာ ၁၀ ပွဲစလုံးနိုင်ဖို့ဆိုတာ ဒီလိုခြေစစ်ပွဲအုပ်စုမှာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ရမှာဖြစ်သလို၊ နည်းနည်းတော့ ဂုဏ်ယူရပါလိမ့်မယ်” ဟု ဟဒ်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply