News @ M-Media

Shanghai Masters တွင် ဆဲရေးသည့် သြဇီတင်းနစ်သမား သတိပေးခံရ

အောက်တိုဘာ ၁၃၊ ၂၀၁၅
M-Media

tennis

– တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲ ယမန်နေ့ပွဲစဉ်တွင် နှုတ်ပိုင်းဆိုင်ရာ ငြင်းညမ်းစွာ ပြောဆိုမှုအတွက် သြစတေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယို့စ်မှာ ပြိုင်ပွဲကျင်းပသူများ၏ သတိပေးခြင်းကို ခံခဲ့ရပြီး ၄ ရက်အတွင်း ၂ ကြိမ်မြောက် သတိပေးခံခဲ့ရခြင်းလည်း ဖြစ်သည်။

သြစတြီးယားမှ အန်ဒရီယက်စ် ဟိုင်ဒါ-မူရာကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရခဲ့သည့် ပထမအဆင့် ပွဲအပြီးတွင် ကစားရသည့်ကွင်းနှင့် ပတ်သက်၍ ကီရ်ဂီယို့စ်က ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်သည်။ သောကြာနေ့ကလည်း Japan Open တင်းနစ်ပြိုင်ပွဲ ပြင်သစ်မှ ဘန်းနွိုက် ပိုင်ရီအား ရှုံးနိမ့်ခဲ့သော ကွာတားဖိုင်နယ်ပွဲ၌ တင်းနစ်ဘောလုံးအား ပြိုင်ပွဲကျင်းပသည့်ရုံ၏ ခေါင်မိုးကို ရိုက်ပစ်သည့်အတွက် သတိပေးခြင်း ခံခဲ့ရကာ ဒဏ်ငွေရိုက်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။

သြဂုတ်လက မွန်ထရီယဲလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ချစ်သူအား စော်ကားပြောဆိုခဲ့သည့်အတွက် ကီရ်ဂီယို့စ်မှာ တင်းနစ်ကစားခြင်းမှ ဆိုင်းငံ့ ၂၈ ရက် ပိတ်ပင်ခြင်း ခံထားရပြီး နောက်ပိုင်းတွင် နှုတ် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဖြင့် စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေဆောင်ရပါက ထိုပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်သမားများအဖွဲ့ ATP က ကီရ်ဂီယို့စ်၏ Shanghai Masters တွင် ဆဲရေးတိုင်းထွာမှုအတွက် ဒဏ်ငွေချမှတ်မည်လား ဆိုသည်ကို စဉ်စားဆုံးဖြတ်မည်ဖြစ်သည်။

Ref: Dailymail

Comments

Leave a Reply