အောက်တိုဘာ ၁၄ ၊ ၂၀၁၅
M-Media

ပြီးခဲ့သည့်စနေနေ့က တူရကီနိုင်ငံမြို့တော် အန်ကာရာတွင် ပြည်သူ့လုံခြုံရေးအပေါ် အကြမ်းဖက်သည့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားရာ လူ ၉၇ ဦးအထိ သေဆုံးပြီး ရာဂဏန်း အထိ ထိခိုက်ဒဏ်ရာရခဲ့သည်။
အဆိုပါ အပြစ်မဲ့သူများ အသက်ဆုံးရှုံးစေသော ရက်စက် ယုတ်မာမှုများ အပေါ် ဆန့်ကျင်ရာ၌ မိမိတို့သည် နှစ်နိုင်ငံအစိုးရနှင့်အတူ တူရကီပြည်သူများနှင့် တစ်သားတည်းရှိကြောင်း အီဂျစ်နိုင်ငံမှ မွတ်စ်လင်မ် ညီနောင်များအဖွဲ့မှ စာနာဝမ်းနည်းစကား ပြောကြားခဲ့သည်။
“ထိခိုက်ဒဏ်ရာရသူများ အပြည့်အ၀ ပြန်လည် ကျန်းမာလာစေဖို့ ဘုရားသခင်ထံမှာ ကျွန်တော်တို့ ဆုမွန်းတောင်းပါတယ်။ တူရကီပြည်သူများအနေနဲ့ ဒီအကြပ်အတည်းကို အနိုင်ယူကျော်လွှား သွားနိုင်မယ်၊ ဒီအကြမ်းဖက်သမားတွေရဲ့ နည်းလမ်း လုပ်ရပ်တွေကို ညီညီညွတ်ညွတ်နဲ့ ကြံ့ကြံ့ခံရပ်တည် ရင်ဆိုင်သွားနိုင်မယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်” ဟုလည်း မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဒုဥက္ကဋ္ဌ အီဗရာဟင်မ် မိုနီးရ်မှ အားပေးစကားဆိုလိုက်သည်။
Ref : World Bulletin

Leave a Reply
You must be logged in to post a comment.