အောက်တိုဘာ ၁၆၊ ၂၀၁၅
M-Media
– ကမ္ဘာကျော် Time မဂ္ဂဇင်းက ပြုလုပ်တဲ့ iPhone Photography Awards ဓာတ်ပုံပြိုင်ပွဲ ကလေးများကဏ္ဍမှာ ဒုတိယဆုရခဲ့တဲ့ မြန်မာနိုင်ငံမှ ကိုအောင်ပြည့်စိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
iPhone ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေနဲ့ ဓာတ်ပုံရိုက်သူတွေအတွက် ၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ် စီစဉ်ကျင်းပပေးခဲ့တဲ့ ဒီပြိုင်ပွဲကို ဒီနှစ်မှာတော့ ခရီးသွား၊ ဗိသုကာ၊ အစားအသောက် စသဖြင့် ကဏ္ဍ ၁၉ ခု စီစဉ်ပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲဝင်သူ ထောင်ပေါင်များစွာ ရှိခဲ့ပါတယ်။
တစ်နှစ်တာအကောင်းဆုံး ဓာတ်ပုံတွေကို ရွေးချယ်ခဲ့ရာမှာတော့ ပိုလန်နိုင်ငံက မိုက်ကယ် ကိုရာလော့စကီးက ပထမ၊ ယူကေမှ ဒေးဗစ် ခရေ့က်က ဒုတိယနဲ့ အမေရိကန်က ဗိုနီလူတို့က တတိယ အသီးအသီး ရရှိခဲ့ပါတယ်။
ကဏ္ဍတစ်ခုချင်းစီအတွက်လည်း ပထမ၊ ဒုတိယ၊ တတိယဆုတွေကို ချီးမြှင့်ခဲ့ပြီး ကိုရင်လေးနှစ်ပါးရဲ့ ပုံရိပ်ကို အလင်းအမှောင် မျှတစွာနဲ့ ကြည်ညိုဖွယ်ရာ၊ စိတ်ချမ်းမြေ့ဖွယ်ရာ ရိုက်ကူးထားတဲ့ ကိုအောင်ပြည့်စိုးရဲ့ ဒီဓာတ်ပုံက ကလေးငယ်များနဲ့ ပတ်သတ်တဲ့ကဏ္ဍမှာ ဒုတိယဆု ရခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ကိုအောင်ပြည့်စိုးဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ကဖြစ်တယ်လို့ Facebook အချက်အလက်အရ သိရပါတယ်။ ကိုအောင်ပြည့်စိုးရဲ့ Facebook လင့်ကို ဖော်ပြလိုက်ပါတယ်။
https://www.facebook.com/apsoe?__mref=message_bubble
Leave a Reply
You must be logged in to post a comment.