အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media
– မိမိတို့က ပိဆို့မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်အတွက် တံခါးဖွင့်ထားပြီး မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို အမှန်တကယ်စွန့်လွှတ်ရန် ဆန္ဒကို ပြရမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးတို့က ယမန်နေ့တွင် ပြောကြားလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ၀ါရှင်တန်တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အီရန်ကဲ့သို့ မြောက်ကိုရီးယားနှင့် သဘောတူညီချက် ရယူနိုင်မည်လားဟု မေးမြန်းရာ နျူကင်းစင်သည့် အနာဂတ်ကို မြောက်ကိုရီးယားက မျှော်လင့်ထားသည့် လက္ခဏာမျိုး မရှိဟု အိုဘားမားက ပြန်လည်ဖြေကြားခဲ့သည်။
ပတ်ဂျုံဟီးကမူ မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာအတွက် နိုင်ငံတကာက တိုင်ပင်ကာ ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးနေပြီး၊ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုများကို ခိုင်မာအောင်ဆောင်ရွက်ရန် လိုအပ်ချက်အတွက် အိုဘားမားနှင့် သဘောတူညီချက်ရခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.