အောက်တိုဘာ ၁၈၊ ၂၀၁၅
M-Media
– အာဂျင်တီးနား အနောက်မြောက်ပိုင်းတွင် ယမန်နေ့က ပြင်းအား ၅.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ အများအပြားရှိခဲ့ကာ အဆောက်အဦးများ ပျက်ဆီးမှုလည်းရှိခဲ့သည်။
အမေရိကန် ငလျင်တိုင်းထွာရေးဌာနက ပြင်းအား ၆.၀ မဂ္ဂနီကျု ရှိသည်ဟု ကနဦးတိုင်းတာခဲ့သော အဆိုပါ ငလျင်မှာ အလ်ဂါပွန်ဟုခေါ်သည့် မြို့ကို ဦးတည်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြိုကျ ပျက်ဆီးသော အဆောက်အဦးများတွင် နေအိမ်များ ကျောင်းများလည်း ပါဝင်ခဲ့သည်။
“လက်ရှိအချိန်မှာတော့ အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ဒဏ်ရာရတဲ့သူတွေကိုတော့ မြို့နယ်ဆေးရုံမှာ ကုသနေပါတယ်” ဟု ပြည်နယ် ကာကွယ်ရေး အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။
မြို့တွင်းရှိ ဆေးရုံမှ ဆရာဝန်တစ်ဦးက ယခုအချိန် ဒဏ်ရာသေးငယ်သည့် လူ ၅ ဦးကို ကုသပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.