News @ M-Media

အသင်းမှာ စိုးရိမ်မှုလွန်ကဲနေသည်ဟု အေစီမီလန်နည်းပြ ပြော

အောက်တိုဘာ ၁၈၊ ၂၀၁၅
M-Media

milan

– အသင်းသားများတွင် မလိုအပ်သည့် စိုးရိမ်သောကများ ရှိနေသည်ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ပြစ်တင်ပြောဆိုလိုက်သည်။

ယမန်နေ့က တိုရီနိုအသင်းအား ၁ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် အေစီမီလန်မှာ ကားလို့စ်ဘက်ကာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ ချေပဂိုးပြန်ပေးခဲ့ရပြီး မီဟိုင်းလိုဗစ်ခ်ျက ထိုအတွက် မကျေမနပ် ဖြစ်နေသည်။

“ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ ဒါပေမယ့် ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်း ကစားအားကျသွားပါတယ်။ ဂိုးသွင်းနိုင်ပြီးမှာ စိုးရိမ်ကြောင့်ကြ သွားသလိုမျိုးပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တစ်ပိုင်းလောက်တော့ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူတို့ ချေပဂိုးသွင်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ကစားပုံ ပြန်ကောင်းလာတယ်။ ဒါဟာ စိုးရိမ်သောက ဖြစ်နေတာမျိုးပါပဲ။ တစ်ပွဲပြီးတစ်ပွဲ ဒါကို ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့ဟာ အေစီမီလန်ဖြစ်ပြီး ပိုပြီးတော့ ပါးနပ်ဖို့လိုပါတယ်” ဟု ၎င်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply