အောက်တိုဘာ ၁၈၊ ၂၀၁၅
M-Media
– သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကို လျော့ချရန်အတွက် အမေရိကန်အစိုးရအနေဖြင့် သြစတေးလျမှ ၁၉၉၀ ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့သော သေနတ်လျော့ချရေး buyback အစီအစဉ်မျိုးကို စဉ်းစားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။
၁၉၉၆ ခုနှစ်တွင် သြစတေးလျရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့အာသာ ဆိပ်ကမ်းတွင် သေနတ်သမား မာတင် ဘရိုင်ယန့်က လူ ၃၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်ပိုင်း သြစတေးလျအစိုးရမှာ သေနတ်လျှော့ချရေး buyback အစီအစဉ်ကို စတင်ခဲ့သည်။
ထိုအစီအစဉ်အရ ဆီမီးအော်တိုမက်တစ် သေနတ်များကို ပိတ်ပင်ခဲ့ပြီး တားမြစ်ထားသော သေနတ်များ ပြန်အပ်ရန် ၁၂ လတာ အချိန်ပေးခဲ့ကာ အစိုးရက ထိုသေနတ်များကို ပြန်ဝယ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း သေနတ်ပေါင်း ၆၄၀၀၀၀ ခန့် ပြန်လည်ရရှိခဲ့ပြီး နိုင်ငံအတွင်း သေနတ်နှင့်ဆက်စပ်သည့် လူသတ်မှုများမှာလည်း လျော့ကျခဲ့သည်။
“အဲဒီသေနတ်တွေကို ပြန်ဝယ်ခြင်းအားဖြင့် သူတို့ဟာ ရောင်းလိုအားကို လျော့ချနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သေနတ်ဝယ်ဖို့အတွက် ခြားနားတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်” ဟု နယူးဟမ့်ရှိုင်းယားပြည်နယ် ကီနီမြို့ရှိ သောကြာနေ့ ဆွေးနွေးပွဲတစ်ခုတွင် ကလင်တန်က ပြောကြားခဲ့သည်။
မကြာသေးမီက အော်ရီဂွန်ကတက္ကသိုလ်နှင့် ချာလ်စတန် ဘုရားကျောင်းတို့၌ သေနတ်ဖြင့် ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးမှာ အမေရိကန်တွင် အရေးပါသည့် ကိစ္စဖြစ်လာခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.