အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– အန်ဆယ်လော့တီလက်ထက် ၂၀၁၄ ခုနှစ်က ၁၀ ကြိမ်မြောက် (လာဒက်ဆီမာ) ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သည့် ရီးယဲလ်အသင်းကို မိမိက ဖောင်ဒေးရှင်း ချပေးခဲ့ခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
ပေါ်တို၊ အင်တာတို့နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် မော်ရင်ဟိုမှာ ၎င်း၏ သက်တမ်းတွင် ရီးယဲလ်အား ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကိုသာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ရီးယဲလ်အား စွန့်ခွာခဲ့သည်။
“ကျွန်တော် ရီးယဲလ်ကို စရောက်တုန်းကဆိုရင် သူတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မရောက်တာ ၁၀ နှစ်နီးပါးလောက် ရှိနေတဲ့အချိန်ပါ။ ကျွန်တော်တို့ ၁၆ သင်းအဆင့်မှာ လိုင်ယွန်နဲ့တွေ့တဲ့အခါ အသင်းဟာ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ ဒီအခက်အခဲကို ကျော်ဖြတ်ခဲ့ပြီး အသင်းကလည်း ပြောင်းလဲသွားတယ်၊ ကစားသမားတွေကလည်း ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ဗိုလ်စွဲမယ်လို့
ထင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်သာ ရောက်ခဲ့ပြီး အခြား အကြောင်းအရင်းတွေကြောင့် ဖိုင်နယ်တော့ မရောက်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.