အောက်တိုဘာ ၂၁၊ ၂၀၁၅
M-Media
– လွန်ခဲ့သည့် ၅ နှစ်က နိုင်ငံအတွင်းရှိ မွတ်စလင်နှင့်ပတ်သက်၍ စော်ကားသော မှတ်ချက်များ ပေးခဲ့သည့် ပြင်သစ်လက်ယာစွန်းရောက် အမျိုးသားပါတီ National Front ခေါင်းဆောင် မရိန်း လီပန်မှာ ယမန်နေ့က တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ခဲ့သည်ဟု သိရသည်။
ဗလီဝတ်ကျောင်းတော်တွင် နေရာမလောက်မှုကြောင့် ပြင်သစ်မွတ်စလင်များမှာ လမ်းမများပေါ်တွင် ၀တ်ပြုရခြင်းကို လီပန်က နာဇီတို့၏ သိမ်းပိုက်မှုနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ပန်အား လူမျိုးရေးခွဲခြားမှုနှင့် လူ့အခွင့်အရေးအဖွဲ့ ၄ ဖွဲ့က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရေးပါတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြဖို့ ကျွန်မမှာ အခွင့်အရေးရှိပါတယ်။ ပြီးတော့ ဒီလုပ်ဖို့က ကျွန်မရဲ့ တာဝန်လည်းဖြစ်ပါတယ်” ဟု လီပန်က ပြောကြားခဲ့ပြီး သူမမှာ တရားရေးစနစ်၏ ငြှင်းပန်းမှုကို ခံနေရသူ ဖြစ်သည်ဟုပင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းအပေါ် စွပ်စွဲထားချက်ကို သူမက ပြတ်ပြတ်သားသားသား ငြင်းဆိုခြင်းမပြုခဲ့ဘဲ နာဇီတို့၏ ကျူးကျော်သိမ်းပိုက်မှုကို ရည်ညွှန်းခြင်းမဟုတ်ဟုသာ သွယ်ဝိုက်ငြင်းဆိုခဲ့သည်။
လီပန်အနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ဒဏ်ငွေ ကန်ဒေါ်လာ ၅၁၀၀၀၊ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ကျခံရဖွယ်ရှိနေသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.