အောက်တိုဘာ ၂၂၊ ၂၀၁၅
M-Media
– ဆွီဒင်နိုင်ငံ အနောက်ပိုင်း ထရိုလ်ဟတ္တန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ယနေ့မနက်ပိုင်းက မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦး ဓားရှည်ဖြင့် ၀င်ရောက် ခုတ်ခဲ့ခြင်းကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသားများ ဒဏ်ရာရရှိခဲ့ဟု သိရသည်။
ဓားဖြင့်ခုတ်သူမှာ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ကျောင်းသားနှစ်ဦးနှင့် အခြားဆရာတစ်ဦးမှာလည်း ဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေရသည်။
ကျောင်းသားများကမူ မျက်နှာဖုံးစွပ်အမျိုးသား ၀င်ရောက်လာသည့်အခါ ဟာသလုပ်သည်ထင်၍ ၎င်းနှင့်အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး ဓားကိုလည်း ကိုင်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆွီဒင်ဝန်ကြီျးုပ် စတီဖင် လော့ဖ်ဗန်ကမူ ယနေ့မှာ ဆွီဒင်နိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.