အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media
– IS နှင့် အခြားစစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ဖြစ်သော ဆီးရီးယားလွတ်မြောက်ရေးတပ် FSA ကို ကူညီရန်၊ အမေရိကန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် မိမိတို့က အဆင်သင့်ရှိနေသည်ဟု ရုရှားက ပြောကြားလိုက်သည်။
ဆီးရီးသူပုန်အဖွဲ့များကမူ ရုရှားမှာ IS ထက် မိမိတို့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ကလည်း ရုရှား၏ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ရန် စောစောပိုင်းက ငြင်းဆိုခဲ့သည်။
“သူတို့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်က ငြင်းဆန်တာဟာ မဟာအမှားပါပဲ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော်တို့ဟာ တကယ့်ကို ပြင်ဆင်ထားပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ပြောကြားခဲ့သည်။
FSA ကလည်း ရုရှားနေဖြင့် အာဆတ်အစိုးရကို ထောက်ခံနေသမျှ မိမိတို့မှာ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.