အောက်တိုဘာ ၂၅၊ ၂၀၁၅
M-Media
– ကာဘွန်ထုတ်လုပ်မှု စစ်ဆေးရာတွင် လျော့နည်းစေရန် ဆော့ဖ်ဝဲသွင်းကာ လိမ်လည်ထားသည့် ဒီဇယ်ကားများကို ပိုင်ဆိုင်သူ ဂျာမနီနိုင်ငံသားများအနေဖြင့် ထိုကားများအား မော်ဒယ်အသစ်ဖြင့် လဲလှယ်လိုပါက အထူးလျော့ဈေးဖြင့် လဲလှယ်ပေးသွားမည်ဟု ဗောက်စ်ဝဂွန် ကားကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။
ယခုအစီအစဉ်အရ ဆောဖ်ဝဲလ်လိမ်ညာထားမှုကို ပြန်လည်ပြင်ဆင်ရန် ကုန်ကျစားရိတ်များမည့် ဒီဇယ် ၁.၆ လီတာဆန့် ကားများကို ပိုင်ဆိုင်သောသူများအနေဖြင့် ကားအသစ်လိုချင်ပါက ဗောက်စ်ဝဂွန် ကားအရောင်းဌာနများသို့ သွားရောက်ကာ ကားများကို အထူးလျှော့ဈေးဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။
ဥရောပ၏ အကြီးဆုံး ကားထုတ်လုပ်သူ ဗောက်စ်ဝဂွန်၏ ထိုပြဿနာမှာ ၇၈ နှစ်တာ သမိုင်းတွင် အဆိုးရွားဆုံးလည်း ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် ဥရောပတစ်ဝှမ်း ဒီဇယ်ကား ၈.၅ သန်းကို ပြန်သိမ်းကာ ပြင်ဆင်ပေးခဲ့ရပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။
ဂျာမနီတွင် အဆိုပါ လိမ်လည်ထားသောကားများ ရောင်းချမှုမှာ အစီးရေ ၂.၄ သန်းရှိပြီး ယခုအစီအစဉ်မှာ ကုန်ကျစားရိတ် တစ်စိတ်တစ်ပိုင်းကို လျော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.