အောက်တိုဘာ ၂၆၊ ၂၀၁၅
M-Media
– ဂွာတီမာလာ၏ ယမန်နေ့က ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးအတွေ့အကြုံမရှိသည့် ဟာသသရုပ်ဆောင် ဂျင်မီ မိုရေးလ်စ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ခြစားမှုများနှင့် ပတ်သက်၍ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် သမ္မတ အော့တို ပီရက်ဇ် မိုလီနာ ရာထူးမှ နှုတ်ထွက်သွားပြီးနောက် တစ်လအကြာတွင် ပြုလုပ်ခဲ့သည့် ယခုရွေးကောက်ပွဲတွင် မိုရေးလ်စ်မှာ မဲအရေအတွက် ၇၂ ရာခိုင်နှုန်းဖြင့် ပြိုင်ဘက် သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ်ကို အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တောရက်စ်ကလည်း မဲရေတွက်မှု မပြီးခင်မှာပင် ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့သည်။
“သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ တာဝန်တစ်ခုရှိပြီး၊ ဂွာတီမာလာပြည်သူတွေအတွက် အဲဒီတာဝန်ကတော့ ကျွန်တော်တို့ကို ဆုတ်ယုတ်စေတဲ့ ခြစားမှုကို တိုက်ဖျက်ရေးပဲ ဖြစ်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု မိုရေးလ်စ်က အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ သမ္မတဟောင်း မိုလီနာမှာ ခြစားမှုများကြောင့် အဖမ်းခံထားရသည်။
Ref : BBC


Leave a Reply
You must be logged in to post a comment.