အောက်တိုဘာ ၃၀၊ ၂၀၁၅
M-Media
– အသင်းတွင် ဒဏ်ရာရကစားသမား များပြားနေသော်လည်း အရေးမကြီးဘဲ မိမိအနေဖြင့် ထိုပြဿနာကို ကျော်လွှားနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
စနေနေ့တွင် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည့် အာဆင်နယ်တွင် ရမ်ဆေး၊ ၀ီလ်ရှိုင်းယား၊ ၀ဲလ်ဘတ်၊ အာတီတာ၊ အော့စ်ပီနာနှင့် ရိုစစ္စကီးတို့ ဒဏ်ရာရရှိနေပြီး ဗုဒ္ဓဟူးနေ့က ရှက်ဖီးနှင့် လိဂ်ဖလားပွဲတွင် ဝေါလ်ကော့နှင့် ချိန်ဘာလိန်တို့ ဒဏ်ရာရရှိကာ နိုင်ဝင်ဘာအထိ ကစားနိုင်မည် မဟုတ်သောကြောင့် ဒဏ်ရာရနေသည့် အဓိက ကစားမားများမှာ ၈ ဦးအထိ ရှိလာခဲ့သည်။
“ကျွန်တော်တို့ အဖြေတွေ ရှာသွားမှာဖြစ်ပြီး၊ ကောင်းမွန်တဲ့တစ်ခုကို ရွေးချယ်သွားမှာပါ။ ကျွန်တော့်ရဲ့ ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့ဟာ ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကိုရင်ဆိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ တော်တော်လေး စုစုစည်းစည်းရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.