နိုဝင်ဘာ ၁၃၊ ၂၀၁၅
M-Media
– ကျန်မာရေး အသိပညာပေးမှုလုပ်ငန်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် အဘူဒါဘီ ကုန်သွယ်မှုဘဏ် ADCB မှာ Daman Corporate Health Awards ကို ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ဂုဏ်ပြုဆုမှာ ရင်သားကင်ဆာ အသိပညာပေးရေးလုပ်ငန်းအတွက် ADCB ၏ ကူညီဆောင်ရွက်မှုများကို ဂုဏ်ပြုခြင်းဖြစ်သည်။ ထိုအသိပညာပေးလုပ်ငန်းတွင် အမျိုသမီးများအား ရင်သားကင်ဆာရောဂါ ရှိ၊ မရှိကို စောစီးစွာ စစ်ဆေးစမ်းသပ်ရန်၊ ထိုရောဂါအား တိုက်ဖျက်ရေးတွင် တစ်ဦးချင်းတစ်ယောက်ချင်းစီ ပါဝင်ဆောင်ရွက်ရန် စသည့် ပညာပေးလုပ်ငန်းစဉ်များ ပါဝင်သည်။
ADCB ဘဏ်မှာ အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ပညာပေးလှုပ်ရှားမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ထိုဘဏ်မှာ လွန်ခဲ့သည့် ၆ နှစ်တာကာလလုံး ယူအေအီးတွင် ရင်သားကင်ဆာရောဂါနှင့်ပတ်သက်၍ ပညာပေးခြင်း၊ အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်း၊ ရန်ပုံငွေရှာဖွေပေးခြင်း စသည့် လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောက်ရွက်ခဲ့သည်။
ADCB ဘဏ်၏ ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ မဂ်ျဒီ အဘ်ဒဲလ် မူဟ်ဒီက Daman Corporate Health Awards ဆုကို ရရှိခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ မိမိတို့မှာ ဘဏ္ဍာရေး ကူညီမှုတွင်မကဘဲ၊ ရင်သားကင်ဆာ ရောဂါသည်များအတွက် မျှော်လင့်ချက် သတင်းစကားကို ပြန့်နှံစေခြင်း၊ ရွေ့လျားစမ်းသပ်စစ်ဆေးသည့် အဖွဲ့များဖြင့် အမျိုးသမီးများအား ရောဂါအခမဲ့ စမ်းသပ်စစ်ဆေးရာတွင် ပါဝင်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: IINA News


Leave a Reply
You must be logged in to post a comment.