နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media
– ၂၀၁၁ ခုနှစ်က ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီထံ ဖီဖာဥက္ကဌ ဘလတ္တာမှ ကန်ဒေါ်လာ ၁.၃ သန်း ပေးချေခဲ့မှုတွင် မသမာမှုများရှိခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အဆုံးသတ်ပြီးနောက် ၎င်းတို့နှစ်ဦးအား ပိတ်ဆို့မှုများ ပြုလုပ်ရန် ဖီဖာက တောင်းဆိုခဲ့သည်ဟု သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆွဇ်ဇာလန် တရားသူကြီးများက စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၎င်းတို့ ၂ ဦးအား ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ယာယီအနားပေးခဲ့ပြီး ကျင့်ဝတ်ကော်မတီကလည်း စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့သည်။ ဘလတ္တာနှင့် ပလာတီနီတို့မှာ အယူခံများ ၀င်ထားပြီး ၎င်းတို့အား ရာထူးမှ ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းရန် တောင်းမှုအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာမှ ပယ်ချခဲ့သည်။
ယနေ့တွင် ဖီဖာက ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အဆုံးသတ်ပြီး နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံရဖွယ် ရှိနေသည်။ ဘလတ္တာမှာ ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်မေလက ကြေငြာခဲ့ပြီး ပလာတီနီက ထိုနေရာကို ရယူရန် ရေးပန်းစားသော်လည်း ယခုကိစ္စကြောင့် ဖြစ်မလာတော့ပေ။
Ref: Goal
Leave a Reply
You must be logged in to post a comment.