နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media
– တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလိုဂျီယန်းပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် ယမန်နေ့ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
မီးလောင်သည့်အချိန်တွင် မိုင်းတွင်းမြေအောက်၌ အလုပ်သမား ၃၈ ဦး အလုပ်လုပ်နေပြီး ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူစာရင်းကိုလည်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ပျောက်ဆုံးနေသူ တစ်ဦးကို မိမိတို့က ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ မိုင်းတွင်းများမှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး မိုင်းတွင်းများဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း မိုင်းတွင်မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၉၃၁ ဦး ရှိခဲ့သည်။ မိုင်းတွင်းပိုင်ရှင်များမှာ ၎င်းတို့လုပ်ငန်းအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များကို စနစ်တကျ ဆောင်ရွက်ထားမှု မရှိချေ။ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.