နိုဝင်ဘာ ၂၂၊ ၂၀၁၅
M-Media
– ဥရောပမှ ကြွေးရှင်များနှင့် သဘောထူညီထားသည့် ဆောင်ရွက်မှုများမှ ပထမအဆင့် ပြုပြင်ပြောင်းလဲမှု အားလုံးကို ဂရိနိုင်ငံက ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် နောက်ထပ် နှစ်ရှည်ချေးငွေများ ထပ်ရမည်ဟု ဥရောပဇုန် ဘဏ္ဍာရေးဝန်ကြီးများအဖွဲ့မှ အကြီးအကဲ ဂျီရိုအန် ဒစ်ဂ်ျဆဲလ် ဘရိုအမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
အကြွေးပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဂရိအစိုးရမှာ ပြည်သူ့ဘဏ္ဍာရေး စနစ်များကို စနစ်ကျစွာ ဆောင်ရွက်ကာ တိုင်းပြည်၏ စီးပွားရေးကိုလည်း ပိုမိုလွယ်ကူအောင်နှင့် ယှဉ်ပြိုင်စွမ်းရှိအောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဥရောပမှ ဂရိနိုင်ငံအား ငွေကြေးအကူအညီပေးရေး အဖွဲ့ဖြစ်သည့် ESM မှ တတိယမြောက် ငွေကြေးအကူအညီကို ထပ်ရမည်ဖြစ်သည်။
ESM မှာ ဂရိအား ငွေကြေးထောက်ပံ့မှုအတွက် ယူရို ၁၀ ဘီလီယံ လျာထားပြီး ဂရိဘဏ်များက ဥရောဇုန်မှ ငွေကြေးလိုအပ်ချက်မှာ ယူရို ၆ ဘီလီယံမှ ၉ ဘီလီယံအထိ ရှိမည်ဟု ဥရောပတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.