နိုဝင်ဘာ ၂၅၊ ၂၀၁၅
M-Media
– ဒဏ်ရာအနာတရများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ လာမည့် ဇန်န၀ါရီတွင် အင်အားဖြည့်တင်းဖွယ်မရှိဟု ပြောကြားနေမှုများအား နည်းပြ အာဆင်ဝင်းဂါးက ပြက်ရယ်ပြုလိုက်ပြီး မိမိအနေဖြင့် ငွေကြေးသုံးစွဲခြင်းကို ကြိုက်နှစ်သက်သည်ဟု ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် အာဆင်နယ်၏ အဓိက ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၀င်းဂါးမှာ အသင်းအား အင်အားဖြည့်တင်းရန်အတွက် တွန့်ဆုတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
“ကျွန်တော့်မိတ်ဆွေတွေကတော့ ဒီလိုမထင်ပါဘူး။ တစ်ည ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ပြီး ကျွန်တော် ငွေသုံးတာ ကြိုက်တယ်ဆိုတာကို မြင်ရစေမယ်” ဟု ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ၀င်းဂါးက တုန့်ပြန်ပြောဆိုလိုက်သည်။
အာဆင်နယ်မှာ လက်ရှိအချိန်တွင် ၀ီလီယံ ကာဗာလ်ဟိုနှင့် လာစ် ဘန်ဒါတို့ကဲ့သို့ ကစားသမားများ အပါအ၀င် နောက်ခံလူများကို ဆက်သွယ်နေကာ ဇန်ဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားနေသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.