နိုဝင်ဘာ ၂၉၊ ၂၀၁၅
M-Media
– အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် တိုက်စစ်မှူးနေမားက မိမိမှာ ဘာစီလိုနာအသင်းတွင်ပင် တတ်နိုင်သလောက် ကစားသွားမည်ဟု ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နွေရာသီက နေးမာကို မန်ယူအသင်းက ခေါ်ယူရန် ဆက်သွယ်မှုများရှိခဲ့ပြီး၊ ၎င်း၏ အေးဂျင့်ဖြစ်သူ ဖခင်ကလည်း နေးမာအနေဖြင့် ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် အခွန်ရှောင်မှုကိစ္စနှင့် ပတ်သက်၍ ကျေနပ်လောက်စရာ အဖြေကို မရခဲ့ပါက ထွက်ခွာတော့မည်ဟု ယခုလအစောပိုင်းက ပြောကြားထားသည်။
“ကျွန်တော့်စာချုပ်မှာ နှစ်အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့်အဖေက အနာဂတ်နဲ့ပတ်သက်ပြီး ပြေားထားပြီးပါပြီ။ ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး ဒါဟာ ကျွန်တော်က ဆက်နေချင်တဲ့ဆန္ဒ ရှိနေတာကြောင့်ပါ” ဟု နေးမာက ပြောကြားခဲ့သည်။
ထို့ပြင် အသင်းနှင့်ပတ်သက်၍လည်း “ကျွန်တော်တို့ လုပ်နိုင်နေတာတွေအတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အသင်းက ကြီးကျယ်တဲ့ အဆင့်တစ်ခုမှာ ရှိပါတယ်။ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်တယ်။ ပြီးတော့ ဂိုးတွေ ဆက်သွင်းချင်ပြီး ဖန်တီးပေးပို့မှုတွေကိုလည်း ဆက်လုပ်ချင်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.