ဒီဇင်ဘာ ၂၊ ၂၀၁၅
M-Media
– အသင်းသို့ ရောက်ရှိလာသည့် နည်းပြသစ် ဂျာဂန်ကလော့ပ်က မိမိအား ယုံကြည်မှုရှိစေခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းက ပြောကြားလိုက်သည်။
အသက် ၂၄ နှစ်အရွယ်ကလိုင်းမှာ ပြီးခဲ့သည့် နွေရာသီက ဆောက်သက်တမ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရထားသည်။ ကလိုင်းက မိမိမှာ လီဗာပူးလ်သို့ စရောက်သည့်အချိန်က ခြေစွမ်းအကုန်မထုတ်ခဲ့ဟု ဆိုသည်။
“အသင်းသစ်ကို ရောက်တဲ့အချိန်မှာ လျှိုထားတတ်ပြီး အန္တရာယ်တွေကို သိပ်ပြီး မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော် ပွဲနည်းနည်းကစားထားပြီး စိန်ခေါ်မှုတွေကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်နိုင်တော့မှာပါ။ ကျွန်တော် ကွင်းထဲကိုဝင်လာပြီး စွမ်းရည်ပြသနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘောလုံးလွတ်သွားလည်း သူ(ကလော့ပ်)က ယုံကြည်မှု မပျောက်ပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာမလိုပါဘူး။ သူက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်မှုရှိလာအောင် ကြိုးစားပေးခဲ့ပါတယ်” ဟု ကလိုင်းက The Guardian သို့ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.