ဒီဇင်ဘာ ၅၊ ၂၀၁၅
M-Media
– ဆားပါဝင်မှုလွန်ကဲသော ဟင်းလျာများကို သတိပေးချက်များကပ်ရန် စားသောက်ဆိုင်များအတွက် ဥပဒေသစ်တစ်ခု ပြဌာန်းလိုက်ခြင်းအား ရပ်တန့်ရန် နယူးယောက်မြို့တော်ကောင်စီ၏ ကျန်းမာရေးဘုတ်အဖွဲ့ကို စားသောက်ဆိုင်များဆိုင်ရာ အဖွဲ့တစ်ခုက တရားစွဲဆိုမှုများ ပြုလုပ်တော့မည်ဟု သိရသည်။
အမျိုးသား စားသောက်ဆိုင်လုပ်ငန်းအသင်းက တရားစွဲဆိုမည်ဖြစ်ပြီး ကျန်းမာရေးဘုတ်အဖွဲ့သည် စားသောက်ဆိုင်ပိုင်ရှင်များအား မတရားဝန်ပိစေကာ နိုင်ငံတစ်ဝှမ်း ဒေသ ၁၅ ခုကျော်ရှိ စားသောက်ဆိုင်များ၌ ဆားပါဝင်မှုများသော အစားအစာများကို သတိပေးချက်ပြုလုပ်ပေးရန် ဖိအားပေးခြင်းဖြင့် မြို့တော်ကောင်စီ၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရာရောက်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
နယူးယောက် မြို့တော်ကောင်စီသည် ပြည်သူများ သွေးဖိအားလျော့ကျစေရန်နှင့် နှလုံးရောဂါအန္တရာယ်နှင့် လေဖြတ်ရောဂါများ မဖြစ်ပွားစေရေး ကူညီရန် အားထုတ်မှုအဖြစ် ထိုဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ ရုပ်ရှင်ရုံများနှင့် အားကစားရုံများရှိ စားသောက်ဆိုင်များအထိ ပါဝင်ပြီး ၂၀၁၆ မတ်လ ၁ ရက်မှစ၍ ချိုးဖောက်သူများမှာ ဒေါ်လာ ၂၀၀ ဒဏ်ကြေးဆောင်ရမည် ဖြစ်သည်။
တရာစွဲဆိုမည့် အမျိုးသား စားသောက်ကုန်လုပ်ငန်းရှင်များအသင်းက ၎င်းတို့အဖွဲ့မှာ စားသောက်ဆိုင်ပေါင်း ငါးသောင်းကျော်ကို ထောက်ပံ့ပေးနေသော ကမ္ဘာ့အကြီးဆုံး အစားအသောက်ကုန်သွယ်မှု အသင်းကြီး ဖြစ်သည်ဟု ပြောဆိုထားသည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.