ဒီဇင်ဘာ ၇၊ ၂၀၁၅
M-Media
– ပင်လယ်ဓားပြတိုက်ခိုက်မှုမှာ ဆိုမာလီတွင် နာမည်ကြီးနေသော်လည်း အရှေ့တောင်အာရှ ရေပြင်သည် ကမ္ဘာ့ အခြားနေရာများထက် ပို၍ ပင်လယ်ဓားပြမှု ပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။
၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှုများ အဓိကဖြစ်ပွားခဲ့သည့်ဒေသမှာ ဆိုမာလီယာနိုင်ငံဖြစ်ပြီး မလက္ကာရေလက်ကြားသည်လည်း အလွန်သတိထားကာ သွားလာရမည့် ပင်လယ်ခရီးတစ်ခုအဖြစ် အန္တရာယ်အများဆုံးထဲက တစ်ခု ဖြစ်နေသည်။
၂၀၁၀ မှစ၍ မာလက္ကာ ရေလက်ကြားတွင် သင်္ဘောများကို တိုက်ခိုက်မှုများသည် နှစ်စဉ် နှစ်ဆစီ မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ ၁၀လတွင် တိုက်ခိုက်ရန်ကြိုးပမ်းမှု ၁၂ မှုအပါအ၀င်၊ လုယက်ဓားပြတိုက်မှု ၁၇၄ ခု အထိ ရှိခဲ့သည်။ ၎င်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် ပိုများသည်ဟု သိရသည်။ ပင်လယ်ဓားပြများက အဓိကပစ်မှတ်ထား တိုက်ခိုက်သည့် သင်္ဘောများမှာ ရေနံနှင့် စားအုန်းဆီတင်သင်္ဘောများ ဖြစ်သည်။
ပင်လယ်ဓားပြဂိုဏ်းများကို ဆိပ်ကမ်းများတွင် အလုပ်ရှာနေသော အလွတ်တမ်းပင်လယ်ဓားပြများနှင့် စီးပွားရေးသမားတို့အကြား ကျွမ်းကျင်စွာ ဖွဲ့စည်းလုပ်ကိုင်ကြကြောင်း တွေ့ရှိရလေသည်။
ပင်လယ်ဓားပြအများစုမှာ အင်ဒိုနီးရှားတံငါရွာများမှ ရောက်လာကြခြင်းဖြစ်သည်။ ဓားပြဂိုဏ်းများသည် ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် သူလျှိုများကို အသုံးပြုကြပြီး ထိုအထဲတွင် သင်္ဘောသားများမှ ရေတပ်သားများအထိပါဝင်ကြောင်း တွေ့ရှိရသည်။
Ref: Al-jazeera
Leave a Reply
You must be logged in to post a comment.