ဒီဇင်ဘာ ၁၁၊ ၂၀၁၅
M-Media
– အနာဂတ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသော အမေးကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက မငြင်းဆန်ခဲ့ဘဲ နျူးကမ့်သို့ ပြောင်းရွှေ့ရန်မှာ အလွန်ရှုပ်ထွေးသည်ဟု ပြောကြားခဲ့သည်။
ရော်နယ်ဒို၏ အနာဂတ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကောလဟာလများ ထွက်ပေါ်နေပြီး မာလ်မိုအား ၈ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲအပြီးတွင် မိမိမှာ ဘာနေဗျူးတွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း AP နှင့် ယမန်နေ့အင်တာဗျူးတွင်မူ ၎င်း၏ အနာဂတ်ကို ဖွင့်ထားသည်ဟု ဆိုသည်။
“ဘာစီလိုနာမှာကစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာမျိုး၊ မန်ယူကလွဲလို့ အခြား အင်္ဂလိပ်ကလပ်အသင်းတစ်ခုမှာ ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အားလုံးက တွက်ထားကြပါတယ်။ ဒါက တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ။ ဘောလုံးမှာ သေချာတယ်ဆိုတာ ဘာမှ မရှိပါဘူး။ အားလုံးဟာ ဖွင့်ထားပါတယ်။ လိဂ်အားလုံးမှာပါ။ ရီးယဲလ်မှာ ကျွန်တော့်ကစားသမားဘ၀ကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ရော်နယ်ဒိုက ပြန်လည်ဖြေကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.