News @ M-Media

မစ်ဆူဘီရှီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်း၍ ကားများဖြန့်ဖြူးမည်

ဒီဇင်ဘာ ၁၆၊ ၂၀၁၅
M-Media

car

– ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော မစ်ဆူဘီရှီနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ကားများ ဖြန့်ဖြူးသွားမည်ဟု ရိုးမဟိုးလ်ဒင်းကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။

အဆိုပါကုမ္ပဏီနှစ်ခု ၅၀ ရာခိုင်နှုန်းစီ အကျိုးတူပူးပေါင်း၍ တည်ထောင်ထားသော MM Cars Myanmar Ltd မှာ မစ်ဆူဘီရှီကားများကို လက်လီ လက်ကားဖြန့်ဖြူးခြင်းအပြင် ရောင်းချပြီးနောက်ပိုင်း ဆားဗစ်ပိုင်းနှင့် ပြင်ဆင်ထိန်းသိမ်းမှု အပိုင်းတို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဟုဆိုသည်။ ထို့ပြင် ကားအတွက် အပိုအစိတ်အပိုင်းများကိုလည်း ၎င်းတို့က ဖြန့်ဖြူးသွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ရိုးမကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် မစ်ဆူဘီရှီ ဆားဗစ်စင်တာ နှစ်ခုကိုလည်း ကုမ္ပဏီအသစ်က လက်လွှဲရယူသွားမည်ဖြစ်သည်။ မစ်ဆူဘီရှီ ကားအရောင်းပြခန်းကို ယမန်နေ့က ရန်ကုန်တွင် ဖွင်လှစ်ခဲ့ပြီး အဆိုပါ ပြခန်းကို MM Cars Myanmar Ltd က စီမံသွားမည်ဖြစ်သည်။

Ref: Straitstimes

Comments

Leave a Reply