ဒီဇင်ဘာ ၂၈၊ ၂၀၁၅
M-Media
– ယနေ့ညတွင် အိုးထရက်ဖို့ဒ်၌ကစားမည့် ချယ်ဆီးနှင့်ပွဲတွင် အနိုင်ရရှိပါကလည်း ဗန်ဂါးလ်မှာ မန်ယူနှင့် လမ်းခွဲတော့မည်ဟု The Telegraph သတင်းစာက ဖော်ပြခဲ့သည်။
မန်ယူမှာ နောက်ဆုံး ၇ ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိဘဲ၊ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် Boxing Day တွင် စတုတ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဗန်ဂါးလ်၏ အခြေအနေကို အဆိုးဆုံးသို့ ရောက်ရှိခဲ့သည်။
နည်းပြသစ်ဂူစ်ဟစ်ဒင့်၏ ချယ်ဆီးအသင်းနှင့်ပွဲမှာ ဗန်ဂါးလ်၏ ၁၈ လကြာ နည်းပြသက်တမ်းကို အဆုံးသတ်စေမည်ဟု သတင်းများထွက်ပေါ်နေပြီး ဗန်ဂါးလ်ကိုယ်တိုင် နှုတ်ထွက်မည်လား၊ အသင်းက ထုတ်ပယ်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
The Telegraph ကမူ မန်ယူ၏ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဒ်ဝုဒ်ဝါ့ဒ်က ဗန်ဂါးလ်အား ထောက်ခံသည်ဟု ထည့်သွင်းဖော်ပြခဲ့သော်လည်း လာမည့်နာရီများတွင် မည်သည့်အပြောင်းအလဲမဆို ဖြစ်သွားနိုင်သည်ဟု ဆိုသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.