News @ M-Media

မန်ယူမှာ ၎င်း၏ နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ဗန်ဂါးလ်ပြော

ဇန်န၀ါရီ ၁၊ ၂၀၁၆
M-Media

van

– မန်ယူအသင်းမှာ ၎င်း၏ နည်းပြဘ၀ နောက်အဆုံးအသင်း ဖြစ်နိုင်သည်ဟု လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်ပြီး အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းများကိုမူ ငြင်းဆိုလိုက်သည်။

မန်ယူအသင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ပရီးမီးယား လိဂ်တွင်လည်း အဆင့် ၆ နေရာတွင် ရှိနေသည်။ ထို့ပြင် ပြိုင်ပွဲပေါင်းစုံ နောက်ဆုံးကစားခဲ့သည် ၈ ပွဲတွင် နိုင်ပွဲမရရှိခဲ့ဘဲ နည်းပြဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဗန်ဂါးလ်ကမူ အသင်းမှာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိသည်ဟု ဆိုသည်။

”ကျွန်တော်က အမြဲတမ်း ကိုယ့်အလုပ် ကိုယ်လုပ်တာပါ။ လုပ်စရာရှိတာ လုပ်ရမှာပါပဲ။ ‘ဘော့စ် ကျွန်တော်တို့ ဘယ်လို ထပ်ပြီး ကူညီနိုင်မလဲ’ ဆိုပြီး ကျွန်တော်ရဲ့ ၀န်ထမ်းတွေက လာလာမေးကြပါတယ်။ ကျွန်တော်ကတော့ ‘မင်းတို့လုပ်စရာရှိတာလုပ်တာဟာ ငါ့ကိုကူညီတာနဲ့ အတူတူပဲ’ လို့ ပြန်ပြောပါတယ်။ ကစားသမားတွေဆီကလည်းပဲ ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးကလပ် မဟုတ်ပါဘူး။ နောက်ဆုံးကလပ် ဖြစ်မယ်လို့ ကျွန်တော် ပြောဖူးပါတယ်။ ဒါပေမယ့်
ဆိုးရွားတဲ့အချိန်တွေကို ကြုံတွေ့ရတဲ့ ပထမဆုံးကလပ်တော့ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိဖိအားမှာ လျော့ကျမှုရှိသလားဟုမေးမြန်းရာတွင် ၎င်းက ‘မသိဘူး’ ဟု ပြည်လည်ဖြေကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply