News @ M-Media

အစိုးရသစ်အတွက် ပထမဦးစားပေးမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media

daw su

– တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုက ယခုနှစ်ဆန်းပိုင်းတွင် တာဝန်ထမ်းဆောင်မည့် မိမိတို့အစိုးရအသစ်အတွက် ‘ပထမဦးစားပေး’ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

“အစိုးရသစ်ရဲ့ ပထမဦးစားပေးအလုပ်ဟာ ငြိမ်းချမ်းမှုတည်ဆောက်ရေး ဖြစ်မှာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ ကျွန်မတို့အားလုံး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၈ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့မှ ၇ ဖွဲ့က လက်မခံခဲ့ပေ။ ထိုအချိန်မှစ၍ မြန်မာအမျိုးသား ဒီမိုကရေစ မဟာမိတ်တပ်မတော် MNDAA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် (AA) တို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံ့ခဲသည်။

“နောက်နှစ် ကျွန်မတို့ လွတ်လပ်ရေးအခမ်းအနား ကျင်းပတဲ့အခါ ပိုမိုခိုင်မာတောင့်တင်းတဲ့ ပြည်ထောင်စုမျိုးကို မြင်တွေ့ချင်ပါတယ်။ ကျွန်မတို့ကို ကူညီဖို့ စိတ်ဆန္ဒရှိသူတွေ အများကြီးရှိတယ်။ ဒါပေမယ့် (ဒီကိစ္စကို) ပြီးပြတ်ဖို့ ကျွန်မတို့ ကိုယ်တိုင် ရုန်းကန်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် အစိုးရ ဖွဲ့ရမည်ဖြစ်သည်။

Ref: RFA

Comments

Leave a Reply