ဇန်န၀ါရီ ၈၊ ၂၀၁၆
M-Media
– ပထမကြိမ်တွင် မအောင်မြင်ခဲ့သော်လည်း မန်ယူနည်းပြအဖြစ် နောက်ထပ်တစ်ကြိမ် ထပ်မံဆောင်ရွက်ရန် အာသီသရှိနေသည်ဟု ဒေးဗစ် မိုယက်စ်က ပြောကြားလိုက်သည်။
၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်သွားပြီးနောက် မိုယက်စ်အား မန်ယူက ၆ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သော်လည်း မန်ယူအသင်းမှာ အခြေအနေဆိုးရွားခဲ့ကာ အဆင့် ၇ အထိ ရောက်ရှိခဲ့ပြီးနောက် မိုယက်စ်မှာလည်း ၁၀ လအကြာတွင် အသင်းနှင့် လမ်းခွဲခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဆိုစီဒက်အသင်းတွင် နည်းပြလုပ်ခဲ့သော်လည်း ယခုနှစ် ရာသီအစတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
“(မန်ယူနည်းပြ) အလုပ်ကို ကျွန်တော် ဆောင်ရွက်အုံးမလားဆိုတော့ – ဟုတ်ပါတယ်။ ကျွန်တော် ဆောင်ရွက်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မန်ယူကို နည်းမပြချင်တဲ့ နည်းပြဟာ ကမ္ဘာပေါ်မှာ တော်တော်နည်းနည်းလောက်ပဲ ရှိမှာပါ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိမှာ မန်ယူတွင်ရှိနေစဉ်က ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး မည်သည့်အရာကိုမှ စဉ်းစား၍ မရခဲ့ဟု ဆိုသည်။
“ဖာဂူဆန်လက်အောက်မှာ ပူပူနွေးနွေးဖလားရထားတဲ့ ကစားသမားကောင်းအုပ်စုကို ကျွန်တော်ရခဲ့တယ်။ ဒါပေမယ့်ပြောင်းလဲဖို့နဲ့ တိုးတက်လာစေဖို့တော့ အချိန်လိုပါတယ်။ တကယ်တော့ ကစားသမားတွေကို အချိန်မီ ပြောင်းလဲပစ်ရပါလိမ့်မယ်။ ၁၀ လတည်းနဲ့တော့ မလုပ်နိုင်ပါဘူး”
Ref: Goal


Leave a Reply
You must be logged in to post a comment.