ဇန်န၀ါရီ ၁၉၊ ၂၀၁၆
M-Media
– လုပ်ပွဲပြဿနာကို ဖြေရှင်းရန်အတွက် လူငယ်တစ်နစ်ကစားသမားများကို အသိပညာပေးရမည်ဖြစ်ပြီး ထိုပြဿနာ အတွက် ပြောဆိုရာတွင် ပိုမို၍ ပွင့်လင်းရန် လိုအပ်သည်ဟု ကမ္ဘာ့နံပါတ် ၂ တင်းနစ်ကစားသမား အန်ဒီမာရေးက ယနေ့တွင် ပြောကြားလိုက်သည်။
သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ စတင်သည့်အချိန်နှင့် တိုက်ဆိုင်စွာ တင်းနစ်လောကတွင် လုပ်ပွဲကစားမှုသတင်းများမှာ ပေါ်ထွက်လာခဲ့ပြီး၊ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်ကလည်း ၂၀၀၇ ခုနှစ်က ၎င်းကို လုပ်ပွဲကစားရန် ကမ်းလှမ်းခဲ့ဖူးသည်ဟု ဖွင့်ဟခဲ့သည်။ ဗြိတိန်မှ အန်ဒီမာရေးကမူ လုပ်ပွဲကစားမှုကို အသိပညာပေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဟုဆိုသည်။
“ပိုက်ဆံအထုတ်လိုက်ပိုက်လာတာကိုတွေ့ရင် ဒီလို ငယ်ငယ်ရွယ်ရွယ်အချိန်မျိုးမှာ လူတွေဟာ တစ်ခါတစ်တရံ အမှားလုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ့တဲ့အခါ သူတို့ဘာလုပ်သင့်တယ်ဆိုတာနဲ့ ဒီလိုဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ကစားသမားဘ၀နဲ့ တင်းနစ်အားကစားတစ်ခုလုံးကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ပိုပြီး အသိပညာပေးဖို့၊ ပိုပြီး နားလည်းသဘောပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အားကစားတစ်ခုတည်းမှာမဟုတ်ပါဘူး။ အားကစားအားလုံးမှာ လုပ်ရမှာပါ။ ဒီလိုကိစ္စတွေကို အသက် ၁၅၊ ၁၆၊ ၁၇ အရွယ် လောက်ကတည်းက သိထားသင့်ပါတယ်။ သတိထားသင့်ပါတယ်” ဟု အန်ဒီမာရေးက ပြောကြားခဲ့သည်။
Ref : Channelnewsasia


Leave a Reply
You must be logged in to post a comment.