ဇန်န၀ါရီ ၂၂၊ ၂၀၁၆
M-Media
– ဟိန္ဒူဘာသာဝင်များ၏ Thaipusam နီးကပ်လာသည့်အချိန်တွင် နိုင်ငံသားများ စိတ်အေးချမ်းသာစွာ ဘာသာရေးထုံးတမ်းဓလေ့များကို ကျင့်သုံးနိုင်ရန်အတွက် မလေးရှားအစိုးရမှာ ဟိန္ဒူများ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းရှိသော Batu Caves တစ်ဝိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။
Thaipusam ပွဲတော်မှာ ဇန်န၀ါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျရောက်မည်ဖြစ်ပြီး ဆီလန်ဂေါပြည်နယ်တွင်ရှိသည့် အဆိုပါ Batu Caves မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလှပဆုံး Thaipusam ပွဲတော်ကျင်းပရာ နေရာဖြစ်ကာ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။
မလေးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များကမူ အဆိုပါနေရာတွင် ဇန်န၀ါရီ ၁၅ ရက်နေ့မှ စတင်ကာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် IS အဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မလေးရှားတွင် အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။
Batu Caves တွင် ရဲတပ်ဖွဲ့အပြင် စစ်တပ်မှာလည်း လုံခြုံရေးတာဝန်ကို ရယူကာ ကင်းလှည့်စောင့်ကြပ်မှုများကို အချိန်ပြည့်ပြုလုပ်နေသည်။
Ref: Channelnewsasia



Leave a Reply
You must be logged in to post a comment.