ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media- မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဆော်ဒီမှ ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်း လွှဲပေးမှုမှာမည်သည့်ရာဇ၀တ်မှု၊ ခြစားမှုမှ မမြောက်ဘဲ ဆော်ဒီတော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးအပ်ခြင်းသာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားရှေ့နေချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။
“ဒီငွေတွေဟ လာဘ်ထိုးတဲ့ငွေ ဒါမှမဟုတ် ခြစားတဲ့ငွေပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ တွေ့ရှိချက်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့် ၀န်ကြီးချုပ်နာဂျစ်ကို ဒီငွေပေးလဲဆိုတာ အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ဒါဟာ သူနဲ့ ဆော်ဒီတော်ဝင်မိသားစုတို့ကြားက ကိစ္စပါပဲ” ဟု ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားခြစားမှုတိုက်ဖက်ရေး အေဂျင်စီက ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု ၃ ခုတွင် နာဂျစ်မှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့သည်ကို မတွေ့ရှိရကြောင်း၊ နောက်ထပ် မည်သည့်စုံစမ်းမှုမှ ပြုလုပ်တော့မည်ဟုတ်ကြောင်း ရှေ့နေချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
အသုံးပြုစရာမရှိသောကြောင့် ကန်ဒေါ်လာ သန်း ၆၂၀ ကို နာဂျစ်က ဆော်ဒီနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု အလီက ဆိုသည်။
နာဂျစ်က အကြီးအကဲဖြစ်တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) တွင် ဒေါ်လာဘီလီယံနှင့်ချီ အကြွေးတင်နေသည့်အချိန် ၎င်း၏ ငွေစာရင်းတွင် ထိုငွေများကို တွေ့ရှိခဲ့ရခြင်းကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ဝေဖန်မှုများခံခဲ့ရကာ ရာထူးမှ နှုတ်ထွက်ရန်အထိ ဖိအားပေးခြင်း ခံခဲ့ရသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.