ဇန်န၀ါရီ ၂၈၊ ၂၀၁၆
M-Media
– နိုင်ငံအတွင်းက ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှာ အာကာသစီမံကိန်းစင်တာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှား စက်မှုလက်မှုဝန်ကြီးဌာနက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
သတ္တု၊ စက်၊ လျှပ်စစ်နဲ့ သယ်ယူပို့ဆောင်ရး စက်ပစ္စည်းများဆိုင်ရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဂတ်စ်တီ ပူတူး ဆူရိယ အ၀ီရာဝမ်က အဲဒီစက်ရုံဟာ တိုင်းပြည်ရဲ့ အာကာသစီမံကိန်းတွေ အောင်မြင်ဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“အမျိုးသားအာကာသလုပ်ငန်းရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ဖို့ မျှော်လင့်ချက်နဲ့ ဒီစီမံကိန်းကို ရေးဆွဲနေတာဖြစ်ပါတယ်” လို့ ဆူရိယအ၀ီရာဝမ်က အင်ဒိုနီးရှား လေယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေးအသင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီစီမံကိန်းစင်တာဟာ အချို့သော အာကာသအစီအစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပြီး၊ အမျိုးသားလေယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းရဲ့ ကျွမ်းကျင်မှုနဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် နည်းပညာလမ်းညွှန်မှုတွေကိုလည်း ဒီစင်တာက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကြီးထွားလာတဲ့ အင်ဒိုနီးရှား အမျိုးသား အာကာသကဏ္ဍဟာ အင်ဒိုနီးရှားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးဖို့အတွက် မျှော်လင့်ချက်လည်း ဖြစ်နေပါတယ်။ နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖော်ဆောင်ပေးနိုင်မှာဖြစ်ကာ နည်းပညာနယ်ပယ်မှာ နိုင်ငံရဲ့ အောင်မြင်မှုကိုလည်း အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
Ref; IINA


Leave a Reply
You must be logged in to post a comment.