ဖေဖော်ဝါရီ ၁၊ ၂၀၁၆
M-Media
– ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့မှုနှင်ပတ်သက်၍ တရားရင်ဆိုင်နေရခြင်းက မိမိအပေါ် ထိခိုက်မှုရှိနေသည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ထိုအပြောင်းအရွှေ့တွင် ငွေကြေးပိုမိုရယူလိုမှုဖြင့် နေးမာအာ ပိုင်ဆိုင်ခဲ့သော ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ DIS က စပိန်တရားရုံးတွင် တရားစွဲဆိုမှု ပြုလုပ်ထားပြီး နေးမာ၏ အေးဂျင့်အဖြစ် ဆောင်ရွက်သော ဖခင်ဖြစ်သူလည်း ပါဝင်ပတ်သက်နေသည်။ မနက်ဖြန်တွင် နေးမာက ထိုအမှုအတွက် တရားရုံး၌ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။ နေမားကမူ ထိုပြဿနာက မိမိ၏ ဘောလုံးအပေါ် အာရုံစိုက်မှုကို ထိခိုက်စေသည်ဟု ဆိုသည်။
“ကျွန်တော့်မိသားစုကို စပြီးထိခိုက်လာတော့ ကျွန်တော့်ကိုလည်း နည်းနည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဘုရားကတော့ ဘောလုံကစားခြင်းဆိုတဲ့ ကျွန်တော်လုပ်ရမယ့်အလုပ်မှာ အာရုံစိုက်နိုင်ဖို့အတွက် ခွန်အားပေးခဲ့ပါတယ်။ ကျွန်တော်လုပ်စရာရှိတာကို အာရုံစိုက် လုပ်ဆောင်ရုံပါပဲ။ ကျွန်တော့်အဖေက ဘောလုံးမှာပဲ စိတ်မြှုပ်ထားဖို့၊ အာရုံစိုက်ထားဖို့ ပြောပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် တိုက်ခိုက်ခံနေရတာကိုမြင်ရတာ စိတ်ထိခိုက်စရာပါပဲ။ အပြင်မှာပြောနေကြတာတွေဟာ မမှန်ကန်ပါဘူး” ဟု နေးမာက ယမန်နေ့တွင် Globo TV သို့ ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသည့် နေးမာက ၎င်းမှာ ဆုံးဖြတ်ရန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြီးခဲ့သည့်တစ်ပတ်အတွင်းက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.