ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media
– အသင်း၏ တိုက်စစ်မှူးများဖြစ်ကြသည့် ဂျာမီဗာဒီနှင့် ရီယာ့ဒ် မဟ်ရက်ဇ်တို့အကြား နားလည်မှုမှာ မယုံကြည်နိုင်လောက်စရာ ဖြစ်နေသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
ယမန်နေ့က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာမှာ မဟ်ရက်ဇ်၏ ဖန်တီးမှုက တစ်ဆင့် ကိုက် ၃၀ အကွာမှ မြေမကျကန်သွင်းသည့် ဂိုးတစ်ဂိုးအပါအ၀င် ဗာဒီ၏ သွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် လက်စတာမှာ ဒုတိယနေရာမှ မန်စီးတီးအား ၃ မှတ်ဖြတ်ကာ ဇယားထိပ်ဆုံးအား ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်သည်။
“မဟ်ရက်ဇ်က ဗာဒီဆီကို ဘောလုံးပေးပို့တာ၊ ဗာဒီက အချိန်ကိုက် နေရာယူပြီး ဂိုးသမားရဲ့ လွတ်တဲ့နေရာကို ကန်သွင်းတာတွေဟာ မယုံနိုင်လောက်စရာပါပဲ။ သူတို့ဒီလိုလုပ်မယ်ဆိုတာ လူတိုင်းက သိခဲ့ကြပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ဘောလုံးကစားရတာကို ပျော်နေပါပြီ။ ရှုံးလည်း ကိစ္စမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်နေတာမို့လို့ပါ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ခရီးဆုံးတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ရာနီယေးရီက ယမန်နေ့ပွဲအပြီးတွင် Sky Sports သေို့ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.