ဖေဖော်ဝါရီ ၅၊ ၂၀၁၆
M-Media
– ဆော်ဒီအာရေဗျနိုင်ငံက လူဦးရေဟာ ၂၀၁၄ ခုနှစ်မှာ ၃၀.၇၇ သန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၃၁.၅၂ သန်းထိ ၂.၄ ရာခိုင်နှုန်းလောက်တိုးတက်လာတယ်လို့ ဆော်ဒီအာရေဗျ စာရင်းအင်းနှင့် သတင်းအချက်အလက်ဌာနက ယမန်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ဆော်ဒီနိုင်ငံသားများဖြစ်ပြီး ၂၀၁၅ မှာ ၂၁.၁ သန်းအထိ မြင့်တက်လာခဲ့ကာ နိုင်ငံခြားသားအရေအတွက်ကတော့ ၁၀.၄ သန်း ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း ဆော်ဒီနိုင်ငံရဲ့ လူဦးရေတိုးတက်မှုနှုန်းဟာ ၂၀၀၄ ခုနှစ်မှာ ၂၂.၆ သန်း၊ ၂၀၀၅ ခုနှစ်မှာ ၂၃.၃ သန်း၊ ၂၀၀၆ ခုနှစ်မှာ ၂၄.၁ သန်း၊ ၂၀၀၇ ခုနှစ်မှာ ၂၄.၂ သန်း၊ ၂၀၀၈ ခုနှစ်မှာ ၂၄.၈ သန်း၊ ၂၀၀၉ ခုနှစ်မှာ ၂၅.၄ သန်း စသဖြင့် ရှိခဲ့ပါတယ်။
ဆော်ဒီရဲ့ တစ်ဦးချင်း ဂျီဒီပီကတော့ ပြီးခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ပျှမ်းမျှ ၆ ရာခိုင်နှုန်း သို့မဟုတ် နှစ်စဉ် ရီယဲလ် ၃၂၀၀ ခန့် တိုးတက်ခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်း ရီယဲလ် ၇၁,၁၀၀ မှ ၈၇,၉၀၀ အထိ တိုးတက်ခဲ့ပြီး ၂၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဆိုးဆုံးနှစ်ကတော့ ၂၀၀၉ ခုနှစ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ရီယဲလ် ၇၈,၆၀၀ ရရှိခဲ့ရာကနေ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ၂၀၀၉ မှာ ၁၉ ရာခိုင်နှုန်းလောက် ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရီယဲလ် ၉၁၉၀၀ ကနေ ပြီးခဲ့တဲ့နှစ်က ရီယဲလ် ၇၇၇၀၀ ထိ ကျဆင်းသွားခဲ့ပါတယ်။
Ref: Arab News


Leave a Reply
You must be logged in to post a comment.