ဖေဖော်ဝါရီ ၅၊ ၂၀၁၆
M-Media
– မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ဖလားအား ရနိုင်ချေရှိသော်လည်း မမျှော်လင့်ရဲဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။
ယခုတစ်ပတ်တွင် ဗာဒီ၏ဂိုး ၂ ဂိုးဖြင့် လီဗာပူးလ်အား အနိုင်ရရှိခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ အဓိကပြိုင်ဖက် မန်စီးတီးကို ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း လာမည့် နှစ်ပတ်အတွင်း မန်စီးတီး၊ အာဆင်နယ်တို့နှင့် ရင်ဆိုင်ရန် ရှိနေသည်။
ရာနီယေးရီကမူ ပြီးခဲ့သည့်နှစ်က တန်းဆင်းဇုန်နားတွင် တစ်ဝဲလည်လည်ဖြစ်ခဲ့သည့် အသင်းအတွက် ဖလားကို မမျှော်လင့်ရဲဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ မဲဆွယ်ပွဲ လက်သုံးစကား Yes we can (ဟုတ်တယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်) ကို အသုံးပြု၍ ပြောကြားခဲ့သည်။
“Yes we can! လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အိုဘားမားမဟုတ်ပါဘူး။ ဒီမျှော်လင့်ချက်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပါ။ တကယ်တော့ ကျွန်တော်တို့က အောက်အသင်းပါ။ သူမျာအသင်းတွေက နည်းနည်းလေးအားထုတ်တာနဲ့ အဝေးကြီးပြေးပါတယ်။ ကျွန်တော်တို့ကတော့ တော်တော်လေး ပြေးရပါတယ်။ စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေဟာ အိပ်မက်တွေမက်နေကြပါတယ်။ ကျွန်တော်တို့ မြဲမြံရပါမယ်။ တကယ်လို့ အဆင့်လေးနေရာ ကျွန်တော်တို့ ရရင်လည်း ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရမှာပါ။ မယုံကြည်နိုင်လောက်စရာပါပဲ” ဟု ရာနီယေးရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.